အထူးသတင်း – မုန်တိုင်းနှစ်လုံးအရှိန်ကြောင့် မိုးနှင့်လေပြင်း သတိပေး









 

ဘင်္ဂလားပင်လယ်အော် နှင့် ပစိဖိတ်သမုဒ္ဒရာမှ မုန်တိုင်း နှစ်လုံးအရှိန်ကြောင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၁ ခုတွင် နေ ရာကွက် မိုးကြီးနိုင်၍ သဘာဝ ဘေးသတိပြုနေထိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတိပေးသည်။

ဘင်္ဂလားပင်လယ်အော် တွင် BULBUL (မီးတောက်) ဆိုင် ကလုန်းမုန်တိုင်း၊ ပစိဖိတ်သမုဒ္ဒ ရာ အနောက်မြောက်ပိုင်းအတွင်း တွင် NAKRI မုန်တိုင်း တစ်ပြိုင် တည်းဖြစ်နေပြီး မုန်တိုင်းအရှိန် ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်း၊ နေပြည်တော်၊ တနင်္သာရီ တိုင်း၊ မွန်၊ ကရင်၊ ကယား၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာကွက် မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။

BULBUL (မီးတောက်) ဆိုင် ကလုန်းမုန်တိုင်းသည် နောက် ၁၂ နာရီအတွင်း Cyclonic Storm အဆင့်သို့ရောက်ရှိလာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၄၂ မိုင်နှုန်း ရှိလာနိုင်သည်ဟု သတိပေးသည်။ BULBUL သည် ပိုအားကောင်းလာပြီး နိုဝင်ဘာ ၉ ရက်တွင် Very Severe Cyclonic Storm အဆင့်သို့ ရောက်ရှိလာနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီ ၈၅ မိုင်နှုန်းခန့်ဖြစ်လာနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကသတိပေးသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက BULBUL (မီး တောက်) ဆိုင်ကလုန်းမုန်တိုင်းဟု အမည်တပ် သတိပေးထားသော် လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကမူ မုန်တိုင်းငယ်အဆင့်ဟု သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ယနေ့ဆိုင်က လုန်းမုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံ‌ဒေသအများစု နေရာ ကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း သတိ‌ပေးချက်ကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်သည်။

မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာခဲ့‌သော လေဖိ အားနည်းရပ်ဝန်းသည် ဆက် လက်အားကောင်းနေပြီး နောက် ၁‌၈ နာရီအတွင်း ဆိုင်ကလုန်းမုန် တိုင်း ဖြစ်လာနိုင်ကြောင်း နိုဝင် ဘာ ၆ ရက် နေ့လယ်‌၂ နာရီတွင် သတိပေးထားသည်။

‘‘ဆိုင်ကလုန်းမုန်တိုင်း ဖြစ် လာပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်ကို ဦးတည်နေပေမယ့် စောင့်ကြည့်ဖို့ လိုနေတယ်။ အား က ကောင်း‌နေတယ်ဆို‌တော့ သ တိပြုဖို့တော့ လို‌နေတယ်’’ ဟု မိုး ဇလညွှန်ကြားရေးမှူးချုပ် ဒေါက် တာကျော်မိုးဦးက ပြောသည်။

အားကောင်းလာနိုင်သော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန် ကြောင့် ကမ်းရိုးတန်းဒေသများ တွင် မိုး‌ရော‌လေပါ ကောင်းနိုင်သ လို ကုန်းတွင်းဒေသအများစု၌ အ ချိန်အခါမဟုတ် မိုးရွာနိုင်‌ကြောင်း သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *