မုန္တိုင္းငယ္မွ အဆင့္တက္ကာ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” အျဖစ္သို႔ေရာက္ရွိ

မုန္တိုင္းငယ္မွ အဆင့္တက္ကာ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္-BULBUL” အျဖစ္ေရာက္ရွိ

(၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္) (ျမန္မာစံေတာ္ခ်ိန္(၀၆:၀၀) နာရီ အခ်ိန္ ထုတ္ျပန္ခ်က္)

၁။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၀၆:၀၀)နာရီ အခ်ိန္တြင္ မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္သည့္ ဆိုင္ကလုန္း မုန္တိုင္း အေျခအေန ကို ေအာက္ပါ အတိုင္း ေလးစားစြာ အစီရင္ခံအပ္ပါသည္-

(က) ဆိုင္ကလုန္းမုန္တိုင္း အေျခအေန

(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ား အရ ဘဂၤလားပင္လယ္ ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression) သည္ ပိုမို အားေကာင္း လာခဲ့ၿပီး၊

ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL) အျဖစ္ေရာက္ ရွိခဲ့ကာ၊

အိႏၵိယႏိုင္ငံ၊ မာယာဘန္ဒါၿမိဳ႕ (Maya Bandar) (ကပၸလီကြၽန္း-Andaman Islands) ၏ အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္(၂၂၀) မိုင္ခန႔္၊

ပါရာဒစ္ပ္ၿမိဳ႕(Paradip) (ဩရိႆ-Odisha) ၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ (၄၁၅) မိုင္ခန႔္၊

ျမန္မာႏိုင္ငံ၊ ပုသိမ္ၿမိဳ႕(Pathein) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၃၆၀) မိုင္ခန႔္ႏွင့္ ဂြၿမိဳ႕(Gwa) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၃၈၀) မိုင္ခန႔္အကြာ ပင္လယ္ျပင္ ကို ဗဟိုျပဳေနပါသည္။

(၂) ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (Bulbul) ၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံ ဘက္သို႔ ဦးတည္ေ႐ြ႕လ်ား မည့္ အေျခအေန မရွိေသးသျဖင့္ အဝါေရာင္အဆင့္ ဟု သတ္မွတ္ပါသည္။

(ခ) ဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(၁) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL) သည္ ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀) နာရီ အခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၃.၈) ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၉.၃) ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၉၈) ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံး ေလတိုက္ ႏႈန္းမွာ တစ္နာရီလွ်င္ (၄၅) မိုင္ ႏႈန္းျဖစ္ပါသည္။

(ဂ) ေနာက္(၂၄)နာရီအတြင္းခန္႔မွန္းခ်က္

(၁) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)သည္ ေနာက္ (၂၄) နာရီအတြင္း အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL) အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး၊ ေျမာက္-အေနာက္ေျမာက္ဘက္ သို႔ ေ႐ြ႕လ်ားမည္ ဟု ခန္႔မွန္း ရပါသည္။

(ဃ) အသိေပးႏႈိးေဆာ္ခ်က္

(၁) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ အရွိန္ေၾကာင့္ ယေန႔နံနက္ မွ ေနာက္ (၄၈) နာရီ အတြင္း မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီး ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာစိပ္စိပ္၊

ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာက်ဲက်ဲႏွင့္ စစ္ကိုင္းတိုင္းေဒသ ႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မေကြးတိုင္းေဒသ ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာ ကြက္၍ မိုးႀကီးႏိုင္ပါသည္။

(၂) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၈) ေပမွ (၁၂) ေပခန္႔ ရွိႏိုင္ ပါသည္။

အႀကံျပဳခ်က္

၂။ အဆိုပါ ဆိုင္ကလုန္း မုန္တိုင္း “ဘာဘ္ဘယ္”(BULBUL) ၏ အရွိန္ေၾကာင့္ ျပည္တြင္း ေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္း ေရယာဥ္မ်ား၊ သေဘၤာမ်ား အေနျဖင့္ လည္း ႀကိဳတင္ သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္ အပ္ပါသည္။

Source – မိုးဇလ

Unicode

မုန်တိုင်းငယ်မှ အဆင့်တက်ကာ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်-BULBUL” အဖြစ်ရောက်ရှိ

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၀၆:၀၀) နာရီ အချိန် ထုတ်ပြန်ချက်)

၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀)နာရီ အချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်း မုန်တိုင်း အခြေအနေ ကို အောက်ပါ အတိုင်း လေးစားစွာ အစီရင်ခံအပ်ပါသည်-

(က) ဆိုင်ကလုန်းမုန်တိုင်း အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် ပိုမို အားကောင်း လာခဲ့ပြီး၊

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL) အဖြစ်ရောက် ရှိခဲ့ကာ၊

အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့ (Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၂၀) မိုင်ခန့်၊

ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၁၅) မိုင်ခန့်၊

မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၃၆၀) မိုင်ခန့်နှင့် ဂွမြို့(Gwa) ၏ အနောက်တောင်ဘက် ရေမိုင် (၃၈၀) မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (Bulbul) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၃.၈) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင် နှုန်းဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)သည် နောက် (၂၄) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားမည် ဟု ခန့်မှန်း ရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်

(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက် (၄၈) နာရီ အတွင်း မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈) ပေမှ (၁၂) ပေခန့် ရှိနိုင် ပါသည်။

အကြံပြုချက်

၂။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း “ဘာဘ်ဘယ်”(BULBUL) ၏ အရှိန်ကြောင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

Source – မိုးဇလ

Leave a Reply

Your email address will not be published. Required fields are marked *