မိခင္ကိုလုံးေထြးၿပီး မ်ိဳဖို႔ႀကိဳးစားေနတဲ့ ေႁမြႀကီးကို၊ သတၱိရွိရွိ တိုက္ခိုက္ခဲ့တဲ့သား

အသက္(၁၆)ႏွစ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ မိခင္ကို လုံးေထြးၿပီး မ်ိဳဖုိ႔ႀကိဳးစားေနတဲ့ ေျမြႀကီးကုိ ရဲရဲဝင့္ဝင့္ ရင္ဆုိင္တုိက္ခုိက္ခဲ့ၿပီး၊ ႏွစ္ပုိင္းျပတ္သည္အထိ သုတ္သင္ရွင္းလင္းခဲ့ေၾကာင္း သိရပါတယ္။ ဒီအေၾကာင္းကုိ WorldOfBuzz မွာ ေဖာ္ျပထားတာပါ။

ေကာင္ေလးရဲဲ႕နာမည္ကေတာ့ Muhammad Rasul ျဖစ္ၿပီး၊ သူဟာ မေလးရွားႏုိင္ငံသားပါ။ သူရဲ႕ ရဲရင့္တဲ့လုပ္ေဆာင္ခ်က္ေၾကာင့္ ၿပီးခဲ့တဲ့ႏုိဝဘၤာလ(၅)ရက္က Welfare Department of Kedah မွာ က်င္းပျပဳလုပ္တဲ့ သူရဲေကာင္းဆုေပးအပ္ပြဲမွာ ထုိက္တန္တဲ့ ဂုဏ္ျပဳဆု ရရွိခဲ့ပါတယ္။

Rasul ဟာ Hang Tuah သူရဲေကာင္းဆုကုိ ရရွိခဲ့တာပါ။ သူဟာ ေမလက မိခင္ကို မ်ိဳဖုိ႔ရစ္ပတ္ေနတဲ့ စပါးအုန္းေျမြႀကီးနဲ႔ ဘတစ္ျပန္ က်ားတစ္ျပန္ တုိက္ခုိက္ခဲ့ၿပီး၊ မိခင္ရဲ႕အသက္ကုိ ကယ္တင္ခဲ့တာပါ။ ထုိစဥ္က သူဟာ ညီျဖစ္သူ Mohd Aziz (၁၅)ႏွစ္နဲ႔ ညီဝမ္းကြဲ Mohd Shafizal Ismail (၁၅)ႏွစ္တုိ႔နဲ႔အတူ ကစားေနတာပါ။

ည(၁၁)နာရီေလာက္မွာ မိခင္ Halipah Othman (၄၇)ႏွစ္ရဲ႕အသံကို ၾကားခဲ့ရပါတယ္။ မီးဖုိေခ်ာင္ထဲကေန ငယ္သံပါေအာင္ ေအာ္ေနတာျဖစ္ၿပီး၊ ေျမြႀကီးဟာ မိခင္ျဖစ္သူရဲ႕ေျခေထာက္ကို တင္းက်ပ္စြာ ပတ္ထားခဲ့တာပါ။ ညီအစ္ကုိ(၃)ေယာက္စလုံး ေျမြႀကီးကို လြတ္တဲ့ေနရာက လွည့္႐ုိက္ခဲ့ၾကပါတယ္။

ဒါပမယ့္ ေျမြႀကီးကလည္း ေဒါသတႀကီး ျပန္လည္တုံ႔ျပန္ခဲ့ၿပီး၊ ေနာက္ဆုံး Rasul က မီးဖုိေခ်ာင္ထားနဲ႔ ေျမြႀကီးကို နွစ္ပုိင္း ပုိင္းပစ္လုိက္ပါတယ္။ ေနာက္ မၾကာမီမွာ တစ္ျခားရြာသားေတြလည္း ေရာက္လာခဲ့ပါတယ္။ သူကေတာ့ သူရရွိတဲ့ သူရဲေကာင္းဆုဟာ ညီေတြအားလုံးနဲ႔လည္း သက္ဆုိင္တယ္လုိ႔ ေျပာခဲ့ပါတယ္။

ေလးစားစြာျဖင့္ ခရက္ဒစ္ — D Nae Khit Media

 

အသက်(၁၆)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ မိခင်ကို လုံးထွေးပြီး မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို ရဲရဲဝင့်ဝင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ နှစ်ပိုင်းပြတ်သည်အထိ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားတာပါ။

ကောင်လေးရဲ့နာမည်ကတော့ Muhammad Rasul ဖြစ်ပြီး၊ သူဟာ မလေးရှားနိုင်ငံသားပါ။ သူရဲ့ ရဲရင့်တဲ့လုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့နိုဝင်္ဘာလ(၅)ရက်က Welfare Department of Kedah မှာ ကျင်းပပြုလုပ်တဲ့ သူရဲကောင်းဆုပေးအပ်ပွဲမှာ ထိုက်တန်တဲ့ ဂုဏ်ပြုဆု ရရှိခဲ့ပါတယ်။

Rasul ဟာ Hang Tuah သူရဲကောင်းဆုကို ရရှိခဲ့တာပါ။ သူဟာ မေလက မိခင်ကို မျိုဖို့ရစ်ပတ်နေတဲ့ စပါးအုန်းမြွေကြီးနဲ့ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ခဲ့ပြီး၊ မိခင်ရဲ့အသက်ကို ကယ်တင်ခဲ့တာပါ။ ထိုစဉ်က သူဟာ ညီဖြစ်သူ Mohd Aziz (၁၅)နှစ်နဲ့ ညီဝမ်းကွဲ Mohd Shafizal Ismail (၁၅)နှစ်တို့နဲ့အတူ ကစားနေတာပါ။

ည(၁၁)နာရီလောက်မှာ မိခင် Halipah Othman (၄၇)နှစ်ရဲ့အသံကို ကြားခဲ့ရပါတယ်။ မီးဖိုချောင်ထဲကနေ ငယ်သံပါအောင် အော်နေတာဖြစ်ပြီး၊ မြွေကြီးဟာ မိခင်ဖြစ်သူရဲ့ခြေထောက်ကို တင်းကျပ်စွာ ပတ်ထားခဲ့တာပါ။ ညီအစ်ကို(၃)ယောက်စလုံး မြွေကြီးကို လွတ်တဲ့နေရာက လှည့်ရိုက်ခဲ့ကြပါတယ်။

ဒါပမယ့် မြွေကြီးကလည်း ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့ပြီး၊ နောက်ဆုံး Rasul က မီးဖိုချောင်ထားနဲ့ မြွေကြီးကို နှစ်ပိုင်း ပိုင်းပစ်လိုက်ပါတယ်။ နောက် မကြာမီမှာ တစ်ခြားရွာသားတွေလည်း ရောက်လာခဲ့ပါတယ်။ သူကတော့ သူရရှိတဲ့ သူရဲကောင်းဆုဟာ ညီတွေအားလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ပြောခဲ့ပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ် — D Nae Khit Media 

Leave a Reply

Your email address will not be published. Required fields are marked *