Facebook မှာ နာမည်ကြီးနေတဲ့ YBS ကားဆရာကြီး ကားနဲ့ ကိုယ်တွေ့ ကြုံလိုက်ရတဲ့ အခါ





လောကမှာ လူချင်းတူပေမယ့် အသက်ရှူပုံခြင်း မတူဘူးလို့ ဆိုတဲ့အချက်ကို လက်တွေ့ပြလိုက်တာကတော့ YBS 37 က ကားဆရာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်Bus ကားမောင်းသူတွေဟာ ယာဉ်ကြောကြပ်တည်းမှုကြောင့် အမြဲစိတ်အလိုမကျမှုတွေ
နဲ့ စိတ်မရှည်ခြင်းတွေကြောင့် ခရီးသည်တွေနဲ့ ပြဿနာဖြစ်တတ်ပေမယ့် အခု YBS 37က ကားဆရာကတော့ ဆန့်ကျင်ဘက်ပါပဲ။

သူက အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်တတ်တာက ကားပေါ်တက်လိုက်မိချိန်မှာကားအဲကွန်းထက် ပိုအေးတဲ့ စကားလေးတစ်ခွန်းပါပဲလို့ ခရီးသည်တစ်ဦးက ဆိုပါတယ်။ ကားဆရာက အခုလို နှုတ်ဆက်တာဟာ သူ့ကားစီးသူခရီးသည်တိုင်းကို
စိတ်ချမ်းသာစေချင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရီးသည်တွေ ရေဆာရင် သောက်နိုင်အောင် ရေသန့်ဗူးများနဲ့ ချိုချဉ်လေးများကိုလည်း အလှူအဖြစ်ထည့်ထားပေးတာကိုလည်းတွေ့ရပါတယ်။

ကားဆရာပြောတဲ့ စကားတစ်ခွန်းကတော့ မမေ့နိုင်စရာပါ။ သူ့ကားကို စီးတဲ့သူတိုင်းကိုစိတ်ချမ်းသာစေချင်ပါတယ်တဲ့လေ။ ဒီလို ကားသမားမျိုးတွေချည်းပဲ ဆို ဘယ်လောက် ကောင်းလိုက်မလဲနော်။ မုန့်တွေ၊ ရေတွေ မထားရင် နေပါ မင်္ဂလာပါ ခရီးသည်ကို နှုတ်
ဆက်တတ်ရင်ပဲ အတော်လေး အဆင်ပြေလှပါပြီနော်။

လေးစားစွာဖြင့် ခရက်ဒစ် — (Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *