အေဖ့ ကို မလုပ္ေကြ်းႏိုင္လို႔ ဘိုးဘြားရိပ္သာ ပို႔တာ မဟုတ္ပါဘူးလို႔ ရွင္းျပလာတဲ့ ဦးဝင္ႏိုင္ရဲ႕ သမီး ( ဗီဒီယုိဖုိ္င္ )

( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )

အခုတေလာ လႈပ္ခတ္ေနတဲ့ အႏုပညာသတင္းတစ္ခုကေတာ့ နဂါးေလးဝင္းႏိုင္လို႔ လူသိမ်ားတဲ့ ဦးဝင္းႏိုင္ (အႏုပညာ) ရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဦးဝင္းႏိုင္ဟာဆိုရင္အသက္အ႐ြယ္ႀကီးရင့္လာၿပီး ဇရာရဲ႕ ထိုးႏွက္ခ်က္ေတြေၾကာင့္ က်န္းမာေရးမေကာင္း
တဲ့အေျခအေနေၾကာင့္ သူခ်စ္တဲ့ အႏုပညာကိုလည္း ဆက္လက္မလုပ္ႏိုင္ပဲ ရွိေနခဲ့ပါတယ္။ဒါေပမယ့္ ယေန႔အထိ ပရိသတ္ရင္ထဲမွာ စြဲထင္ေနတဲ့ ပုံရိပ္ေတြမ်ားစြာဟာလည္း ရွိေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဦးဝင္းႏိုင္ႀကီးတစ္ေယာက္ ဘိုးဘြားရိပ္သာကို ေရာက္သြားခဲ့တာနဲ႔ပတ္သတ္ၿပီးေတာ့ ပရိသတ္အၾကားမွာ ေဝဖန္မႈေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ မိသားစုက မၾကည့္ဘူးလား ၊ သားသမီးေတြ ဘယ္ေရာက္သြားလဲ စတဲ့ ထိုးႏွက္
ခ်က္ေတြနဲ႔ ဦးဝင္းႏိုင္ရဲ႕ မိသားစုကို ေဝဖန္မႈေတြ ရွိလာတာျဖစ္ပါတယ္။ဒါေၾကာင့္ ဦးဝင္းႏိုင္ကိုယ္တိုင္ အႏုပညာဆည္းဆာရိပ္ ဘိုးဘြားရိပ္သာ ကို သြားခ်င္လို႔သြားခဲ့တာျဖစ္ေၾကာင္း နဲ႔ အိမ္မွာက အထီးက်န္သလို ခံစားရတာေၾကာင့္ျဖစ္တယ္ဆို
တဲ့အေၾကာင္းကို ေ႐ႊေရာင္လမ္း ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးခဲ့ၿပီးပါၿပီေနာ္။

အခုေနာက္ထပ္ ဦးဝင္းႏိုင္ သမီးကိုယ္တိုင္ ရွင္းျပလာတဲ့ အေၾကာင္းေလးကို နားေထာင္ၿပီး အားလုံးကို နားလည္ၾကေစခ်င္ပါတယ္။သူ႔သားသမီးေတြ ေနရာမွာဆိုလည္း ကိုယ္တိုင္လည္း အဲ့လို လုပ္ေပးမိမွာပဲလို႔လည္း
ေတြးမိပါတယ္။ ဒါေၾကာင့္ သူမ်ားအေရးကို ဂ႐ုဏာေဒါေသာနဲ႔ျဖစ္ေစ ၊ မစၦရိယစိတ္ေၾကာင့္ျဖစ္ေစ အေဝဖန္ မေစာၾကပါနဲ႔လို႔ တိုက္တြန္းခ်င္ပါတယ္။ ဦးဝင္းႏိုင္ သမီးကိုယ္တိုင္ ရွင္းျပထားတဲ့ အင္တာဗ်ဴး ႐ုပ္သံေလးကိုပါ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ

ေလးစားစြာျဖင့္ ခရက္ဒစ္ — (Shwe Yaung Lan)

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

အခုတလော လှုပ်ခတ်နေတဲ့ အနုပညာသတင်းတစ်ခုကတော့ နဂါးလေးဝင်းနိုင်လို့ လူသိများတဲ့ ဦးဝင်းနိုင် (အနုပညာ) ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဦးဝင်းနိုင်ဟာဆိုရင်အသက်အရွယ်ကြီးရင့်လာပြီး ဇရာရဲ့ ထိုးနှက်ချက်တွေကြောင့် ကျန်းမာရေးမကောင်း
တဲ့အခြေအနေကြောင့် သူချစ်တဲ့ အနုပညာကိုလည်း ဆက်လက်မလုပ်နိုင်ပဲ ရှိနေခဲ့ပါတယ်။ဒါပေမယ့် ယနေ့အထိ ပရိသတ်ရင်ထဲမှာ စွဲထင်နေတဲ့ ပုံရိပ်တွေများစွာဟာလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဦးဝင်းနိုင်ကြီးတစ်ယောက် ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့တာနဲ့ပတ်သတ်ပြီးတော့ ပရိသတ်အကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ မိသားစုက မကြည့်ဘူးလား ၊ သားသမီးတွေ ဘယ်ရောက်သွားလဲ စတဲ့ ထိုးနှက်
ချက်တွေနဲ့ ဦးဝင်းနိုင်ရဲ့ မိသားစုကို ဝေဖန်မှုတွေ ရှိလာတာဖြစ်ပါတယ်။ဒါကြောင့် ဦးဝင်းနိုင်ကိုယ်တိုင် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ကို သွားချင်လို့သွားခဲ့တာဖြစ်ကြောင်း နဲ့ အိမ်မှာက အထီးကျန်သလို ခံစားရတာကြောင့်ဖြစ်တယ်ဆို
တဲ့အကြောင်းကို ရွှေရောင်လမ်း ပရိသတ်ကြီးအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီနော်။

အခုနောက်ထပ် ဦးဝင်းနိုင် သမီးကိုယ်တိုင် ရှင်းပြလာတဲ့ အကြောင်းလေးကို နားထောင်ပြီး အားလုံးကို နားလည်ကြစေချင်ပါတယ်။သူ့သားသမီးတွေ နေရာမှာဆိုလည်း ကိုယ်တိုင်လည်း အဲ့လို လုပ်ပေးမိမှာပဲလို့လည်း
တွေးမိပါတယ်။ ဒါကြောင့် သူများအရေးကို ဂရုဏာဒေါသောနဲ့ဖြစ်စေ ၊ မစ္ဆရိယစိတ်ကြောင့်ဖြစ်စေ အဝေဖန် မစောကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ ဦးဝင်းနိုင် သမီးကိုယ်တိုင် ရှင်းပြထားတဲ့ အင်တာဗျူး ရုပ်သံလေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

လေးစားစွာဖြင့် ခရက်ဒစ် — (Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *