မုဆိုးမက ဇနီးထက် အပြုအစုကောင်းလို့ ဖောက်ပြန်တာပါလို့ ဝန်ခံတဲ့အမျိုးသား








အမျိုးသားတစ်ယောက်ဟာ ဇနီးထက် မုဆိုးမက အလှအပထက် ပိုနေသလို၊ သူရဲ့ ကာမဆန္ဒဆာလောင်မှုကိုလည်း မုဆိုးမကသာ ပြေပျောက်အောင် ပြုလုပ်ပေးနိုင်တာကြောင့်၊ သူ နောက်မီးလင်းခဲ့ရတာပါလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားတာပါ။

ဒါပေမယ့် သူဟာ ဇနီးနဲ့ ကလေး(၇)ယောက်ရသည်အထိ ကာမဂုဏ်တောမှာ ပျော်မြူးခဲ့သလောက်၊ သူရဲ့ အာသာဆန္ဒတွေဟာ ဘယ်တော့မှာ ချုပ်ငြိမ်းခြင်းမရှိဘဲ၊ ဖောက်ပြန်မှုဘက်ကို တွန်းပို့ခဲ့တာလို့ အကြောင်းပြခဲ့ပါတယ်။ သူကတော့ မလေးရှားနိုင်ငံသားဖြစ်ပြီး၊ အမည်ကိုတော့ ဖော်ပြမထားပါဘူး။

ဒီအကြောင်းကို Kisah Rumah Tangga အမည်ရ FB Page ကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပြီး၊ သူရဲ့ပြောစကားတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ သူက ” ကျွန်တော်တို့ အိမ်ထောင်သက် (၁၀)နှစ် ရှိပါပြီ … ဇနီးနဲ့ ကလေး (၇)ယောက် ရထားပါတယ် “လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး ” ကျွန်တော်က ဈေးထဲမှာ ဟင်းသီးဟင်းရွက် ရောင်းပါတယ် … ပြောရရင် ဇနီးက ကျွန်တော့်ရမ္မက်တွေကို ပျောက်အောင် မစွမ်းဆောင်နိုင်ပါဘူး … နောက်ပြီး ပြင်ပြင်ဆင်ဆင်လည်း မနေဘူး … အဲဒီအချိန်မှာ ကျနော် မုဆိုးမတစ်ဦးနဲ့ တွေ့ခဲ့ပါတယ် ”

” အဲဒီမုဆိုးမက လောလောလတ်လတ် လင်သေထားတဲ့ အသက်ငယ်ငယ် မုဆိုးမလေးပါ … သူမက အပြုအစု အလွန်ကောင်းပါတယ် … လှလည်း အလွန်လှတယ် … ဇနီးနဲ့ဆိုရင် တစ်ခြားဆီပါ … မိန်းမနဲ့နေရရင် သိပ်ပျင်းဖို့ကောင်းသလောက် … မုဆိုးမနဲ့သူ ကျွန်တော်က တက်ကြွနေပါတယ် ”

” မိန်းမက ကျွန်တော်တို့အကြောင်း သိတော့ ငိုတယ် … ကျွန်တော် ဒေါသလည်း ထွက်မိတယ် … သူက အခုထက်ထိ သူ့မှာ ဘာတွေလိုအပ်နေသလဲဆိုတာ ပြင်ဆင်ဖို့ သတိမရသေးဘူး “လို့ ပြောခဲ့ပါတယ်။ ဒီပို့စ်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သူဟာ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ် — D Nae Khit Media

Leave a Reply

Your email address will not be published. Required fields are marked *