ရည်းစားနဲ့ လက်ပွန်းတတီးနေတဲ့ အတန်းဖော်ကို မနာလိုဖြစ်ပြီး၊ ခေါင်းဖြတ်သတ်ခဲ့သူ

အသက်(၁၅)နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတစ်ဦးဟာ သူရဲ့ရည်းစားနဲ့ လက်ပွန်းတတီးနေတဲ့ အတန်းဖော်ကျောင်းသားကို မနာလိုဝန်တိုစိတ်ဖြင့် ခေါင်းဖြတ်သတ်သည်အထိ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။ သေဆုံးခဲ့တဲ့ ကောင်လေးကတော့ အသက်(၁၆)နှစ်ပါ။

ပြစ်မှုကျူးလွန်သူအမည်မှာ Mathew Borges ဖြစ်ပြီး၊ အခုတော့ သူဟာ (၁၈)နှစ်အရွယ် ဖြစ်နေပါပြီ။ သူဟာ လွန်ခဲ့တဲ့(၃)နှစ်က ရက်စက်တဲ့လူသတ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အသက်အရွယ်အရ တရားရင်ဆိုင်ခြင်းကို ဆိုင်းငံ့ထားတာပါ။

 

 

အခုတော့ မက်ဆာချူးဆက်ခရိုင်တရားရုံးက သူ့ကို ထောင်ဒဏ်နှစ်သက် (တစ်သက်တစ်ကျွန်းထောင်ဒဏ်ထဲမှာ အမြင့်ဆုံးထောင်ဒဏ် (၃၀)နှစ် နှစ်ဆ)အထိ ချမှတ်လိုက်ပြီဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ်နှစ်(၆၀) ကျခံရမှာဖြစ်ပြီး၊ ပြစ်ဒဏ်စေ့အောင် နေရမယ်ဆိုပါက အသက်(၇၈)နှစ်မှ လွှတ်မယ့်သဘောပါ။

သေဆုံးသူကတော့ Lee Manuel Viloria-Paulino ဖြစ်ပြီး သူဟာ Mathew ရဲ့ချစ်သူ ကောင်မလေးနဲ့ အမြဲတမ်းစကား တွေပြောနေ၊ နှစ်ယောက်သား အချိန်အတူတူဖြုန်းတီးတာ များလာတဲ့အတွက် Mathew က မနာလိုပြီး တိုက်ခိုက်ခဲ့တာပါ။

တရားခံရှေ့နေက ပြစ်ဒဏ်မြင့်မားလွန်းတယ်လို့ စောဒကတက်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ (၂၀၁၆)ခုနှစ် နိုဝင်္ဘာတုန်းက အသက်(၁၅)နှစ်သာ ရှိသေးကြောင်း ထောက်ပြပါတယ်။ ဒါပေမယ့် တရားသူကြီးက ဒါကို ပယ်ချလိုက်ပြီး၊ အခုပြစ်ဒဏ်စီရင်မှုဟာ အသက်(၁၈)နှစ်ပြည့်ပြီးသူ တရားခံအတွက် ဥပဒေနဲ့အညီလို့ ပြောခဲ့ပါတယ်။

 

 

မက်ဆာချူးဆက်ပြည်နယ်မှာ လူသတ်မှုပထမဒီဂရီဖြင့် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက အလိုလျှောက်ထောင်ဒဏ် တစ်သက်ချမှတ်ရမည်ဖြစ်ကြောင်း ဒေသန္တရဥပဒေအရ သတ်မှတ်ထားပြီးသားပါ။ ဒီပြစ်မှုကို ကျူးလွန်သူက ကလေးအရွယ်ဖြစ်နေရင်-

ယင်းတရားခံကို အသက်မပြည့်ခင်အထိ ပြုပြင်ရေးဌာနမှာ ထိန်းသိမ်းထားပြီး၊ အဲဒီနောက် အသက်ပြည့်မှ ကျန်ရှိပြစ်ဒဏ်သက်တမ်းကို ထောင်ဒဏ်စီရင်တဲ့သဘောမျိုးဖြစ်ပါတယ်။ အခုဖြစ်ခဲ့တဲ့ပြစ်မှုက အမေရိကန်မှာ အတော်လေး တှုန်လှုပ်ဖွယ်ရာ ပြစ်မှုဖြစ်နေတာကလည်း တရားခံကို ပြစ်ဒဏ်ဖြစ်စေခဲ့တာပါ။

လေးစားစွာဖြင့် ခရစ်ဒက် — dkhitmedia

source : Metro

Leave a Reply

Your email address will not be published. Required fields are marked *