လေယာဉ်မှူးဆိုပြီး အလုပ်လိုချင်တဲ့ မိန်းကလေးတွေကို လိုက်လိမ်နေတဲ့ လူယုတ်မာကို သတိထားကြပါ

လေယာဉ်မှူးဆိုပြီး အလုပ်လိုချင်တဲ့ မိန်းကလေးတွေကို လိုက်လိမ်နေတဲ့ လူယုတ်မာကို သတိထားကြပါ

သူ့ကိုယ်သူ လေယာဉ်မှူးဆိုပြီး အလုပ်အကိုင် ရှာဖွေရေးဂရုတွေထဲက အလုပ်ရှာနေတဲ့ မိန်းကလေးတွေကို လိုက်လံ လိမ်လည်လှည့်ဖျားနေတဲ့ လူယုတ်မာရဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ အလုပ်အကိုင်ရှာဖွေသူ ညီမငယ်များ လူယုတ်မာရဲ့ ထောင်ချောက်ထဲကို မကျရောက်သွားစေလိုတဲ့ စေတနာနဲ့ ဖြစ်ပါတယ်။ သူ့ရဲ့ ထောင်ချောက်ထဲကနေ လက်မတင်လေး လွတ်ခဲ့တဲ့ ညီမလေး တယောက် တင်ထားတဲ့ ပို့စ်ကို ဖော်ပြပေးလိုက်ပါတယ်-

 

 

အစအဆုံးဖတ်စေချင်ပါတယ်။ ညီမလိုမဖြစ်အောင်ပါ ၅လပိုင်း၂၀ရက်နေ့က ညီမ ဒီgpမှာ အလုပ်ရှာတဲ့ Post တင်ပါ တယ်။ အခုပြသာနာ ဖြစ်တဲ့ Maung Maung Aye Min ဆိုတဲ့သူက ညီမကို cbမှာ အလုပ်ရှိပါတယ်ဆိုပြီး လာပြောပါတယ်။ လစာ က လည်းကောင်းတော့ ညီမလည်းယုံမိတာပေါ့။

 

 

အပြင်အလုပ်က ညီမတစ်ခါမှမလုပ်ဖူးပါဘူး။ အခုမှ အိမ်ကအဆင်မပြေလို့ အလုပ်လုပ်မလို့ပါ။ အဆင်မပြေလို့ အလုပ်ရှာမှ အခုလို လူလိမ်နဲ့ လာတွေ့တာပါ။ သူလိမ်တဲ့ ပုံစံက မိန်းကလေးတွေကို မက်လုံးပေးပြီး လိမ်တာပါ။ သူ့ကိုယ်သူ လေယာဉ်မှူး ဘာညာ သူဋ္ဌေးလိုလိုဘာလိုလိုပေါ့။

 

 

၂၉ ရက်နေ့မှာ သူညီမဆီphဆက်ပါတယ်။ အထက်က ဝန်ထမ်းကတ်နဲ့ ခန့်စာကျလာပြီ။ ၃ရက်နေ့အလုပ်စဆင်းလို့ရပြီတဲ့ သူအားတဲ့နေ့ ညီမဆီ ညီမယူနီဖောင်းနဲ့ ဝန်ထမ်းကတ်တွေ ခန့်စာတွေ လာပေးမယ်ဆိုပြီး ပြောပါတယ်။ ၂ရက်နေ့မှ ph ဆက်တော့ သူခရီးထွက်နေရလို့ ၆ရက်နေ့မှ စဆင်းဆိုပြီး ပြောပါတယ်။ ဒီကြားထဲ ညီမ ဆက်သွယ်တာ ph လုံးဝ မကိုင် ပါဘူး။ စာပို့တာလည်း ပြန်မပို့ပါဘူး။

အဲ့တာနဲ့ ညီမလည်း သူတင်တဲ့ပုံတွေ အောက်မှာ လူလိမ်ပါဆိုပြီး cmt တွေလိုက်ရေးတော့မှ ညီမဆီ ph ဆက်ပါတယ်။ သူ မအား လို့ပါတဲ့ ၁၂ရက်နေ့ အလုပ်ဆင်းရမှာ သေချာပါတယ်တဲ့။ ဒီနေ့ မနက် ph ဆက်တော့ ချက်ချင်းကြီး မော်လမြိုင်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်။ ညမကိုပါလိုက်ရမယ်ဆိုပြီးပြောပါတယ်။

 

 

အဲ့လိုနဲ့ ညီမက ညီမဝန်ထမ်းကတ် အထက်ကခန့်စာနဲ့ ယူနီဖောင်း သက်သေ အထောက်အထားတွေ ပါရင်လိုက် မယ်လို့ ပြောထားပြီးသားပါ။ သူညီမဆီ လာတာ ဝန်ထမ်းကတ်ဘဲပါပါတယ်။ ဝန်ထမ်းကတ် ကလည်း သူအခုမှ ကြုံရာက ဝင်လုပ် လာ တာပါ။ သူနေ့လည်လောက် ကတည်းက ညီမမှတ်ပုံတင်နံပါတ်နဲ့ မွေးသက္ကရာဇ်ကိုေ မးကတည်းက ညီမ ရိပ်မိပါတယ် ဝန်ထမ်းကတ်ကလည်း အထက်ကလက်မှတ်တောင်မပါပါဘူး။

ညီမအိမ်က မိသားစုက အထောက်အထား ဘာမှမပါလို့ မထည့်နိုင်ဘူး ပြောတာကို သူ့ကိုစော်ကားတယ် ဘာညာနဲ့ ပြောပါတယ်။ အဲ့လိုပြောပြီးထထွက်သွားတာပါ။ တစ်ကယ့်လူကြီးလူကောင်းဆို အဲ့လိုလုပ်စရာ အကြောင်းမရှိပါဘူး။ သူ့ပုံစံက လေယာဉ်မှူးသာပြောတာ လာတော့လည်းTaxi နဲ့ပါ ပုံစံကလည်းလူကုန်ကူးမဲ့ပုံစံပါ။

 

 

အိမ်က မိသားစုတွေကို ကျေးဇူးတင်ရမလိုဘဲ ညီမက အလုပ်ကလည်း မလုပ်ဖူး။ ဘာမှလည်း နားမလည်တော့ တစ်ယောက်တည်းလိုသာဆို ရောင်းစားခံရင်ခံနေရမှာ ညီမလို မဖြစ်အောင် တင်ပေးတာပါ။ ညီမလို အလိမ်မခံရအောင်ပါ။ ရှဲပေးကြပါနော် နောက်လူတွေ ညီမလိုမဖြစ်အောင်ပါ။

Yee Mon Aung (လေးစားစွာဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *