စီးပွားရေးတက္ကသိုလ်မှ လက်ထောက်ကထိက တစ်ဦး အဆောင် ဝရန်တာက ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ စီးပွားရေး တက္ကသိုလ် မှ လက်ထောက် ကထိက ဆရာတစ်ဦး သည် မီးပျက်၍ လေဝင်လေထွက်ရသော အဆောင် ဝရန်တာကို ထွက်အိပ်ရာက ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇွန်လ ၁၂ ရက်တွင် သတင်း ရရှိသည်။

 

သေဆုံးသူမှာ အသုံးချ ဘောဂဗေဒ ဌာန မှ လက်ထောက် ကထိက ဦးဇော်မျိုး ဖြစ်ပြီး အသက် ၃၀ အရွယ်ခန့် ရှိသူ တစ်ဦး ဖြစ်ကာ ဗန္ဓုလ အဆောင်၏ ဝရန်တာမှ ဇွန်လ ၁၂ ရက် နံနက်ပိုင်း ၁ နာရီကျော်အချိန်တွင် ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

(ပုံစာ – ဦးဇော်မျိုး ပြုတ်ကျသေဆုံးခဲ့သော အဆောင် မြင်ကွင်း)

ဦးဇော်မျိုးသည် ဗန္ဓုလ အဆောင် ၏ အဆောင်မှူးလည်း ဖြစ်ကာ ကျောင်းသား အချို့ နှင့် ဆရာ ဦးဇော်မျိုးတို့ ဝရံတာ ထွက်အိပ်ပြီး မီးလာ၍ အခန်းတွင်းသို့ ပြန်ပြောင်းရွေ့ရန် လုပ်နေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရကာ

သွေးတိုးရောဂါ ရှိသူ ဖြစ်သည့် အတွက် ခေါင်းမူးပြီး ဝရန်တာကို လက်ထောက်လိုက်သည့် အခါ ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမ များ အဖွဲ့ချုပ် မှ ဦးကျော်ဝေဖြိုး က ဆိုသည်။

 

“သွေးတိုးကြောင့်ဆုံးတာတော့ မဟုတ်ဘူး ပြုတ်ကျသွားတဲ့အခါမှာအောက်မှာခေါင်းကိုထိမိတာကြောင့်ပါ။ တော်တော်များများကပြောနေတဲ ပုံမှန်မဟုတ်ဘူးဆိုတာတွေက မဟုတ်ပါဘူး။

ဒီအတိုင်းရိုးရိုးပဲ အဆောင်ဝရန်တာ ကလလည်း ပထမထပ်ဆိုတော့ ၇ပေ ၈ပေလောက်တော့ရှိပါတယ်။ အဲ့ဒီကနေ ကနေပြုတ်ကျတော့ ခေါင်းထိမိပြီး မန္တလေးဆေးရုံအသွားမှာတင် သေဆုံးခဲ့တာပါ” ဟု ၄င်းက ရှင်းပြသည်။

 

ဖြိုးဆု (ဓာတ်ပုံ – မုံရွာဂေဇက်)

 

 

Leave a Reply

Your email address will not be published. Required fields are marked *